အွန်းလိုင်းမှ ပိုက်ဆံရှာနိုင်မယ့်နည်းလမ်းများ

ခေတ်တွေက ပြောင်းလဲနေပါပြီ။ ဝင်ငွေရဖို့အတွက် အိမ်ထဲကအိမ်ပြင် ထွက်စရာမလိုပဲ income ကောင်းကောင်းရှာဖွေနိုင်ပါပြီ။ အိမ်ထဲမှာနေရင်းပဲ ငွေတွေဝင်နေတဲ့သူတွေကိုကြည့်ပြီး ဝင်ငွေကောင်းလိုက်တာလို့ အားကျနေကြပြီလား?


ဒါဆိုရင်အိမ်မှာနေပြီးငွေရှာဖို့အတွက် ဘယ်လို အလုပ်တွေကို လုပ်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်..


၁။ အွန်းလိုင် ဂိမ်းများ
Online မှာ နာမည်ကြီးနေတဲ့ ဂိမ်းတွေကို ပညာသားပါပါ ကစားနိုင်မယ်ဆိုရင်လည်း ဝင်ငွေတွေအများကြီး ပိုင်ဆိုင်နိုင်ပါတယ်။ အလွယ်လိုက်ချင်တဲ့သူတွေအများစု ရွေးချယ်ကြတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ဖို့တော့ ၁၀၀% လိုအပ်ပါတယ်။

၂။ streamer
လူတော်တော်များများဟာ အွန်လိုင်းပေါ်မှာပြအချိန်ကုန်လာကြတဲ့နောက်တော့ ဖျော်ဖြေမှုဆိုတာလည်းအွန်လိုင်းပေါ်မှာပဲ ဖြစ်တည်လာတာများလာပါတယ်။ ဒါကြောင့် စိတ်အပန်းဖြေဖို့ပဲ ဖြစ်ဖြစ် ဝါသနာ အရပဲ ဖြစ်ဖြစ် ဂိမ်းကစားပြကြတဲ့ Streamer တေွကို ကြည့်ရှုသူတွေအရမ်း များလာပါတယ်။ Streamer တွေ ဘယ်က ငွေရကြလဲဆိုရင်တော့ နည်းလမ်းအမျိုးမျိုးရှိကြပါတယ်။ ကြည့်ရှုသူတွေကsupport တဲ့အခါမျိုးမှာလည်း ဝင်ငွေရကြသလို၊ ကြည့်ရှုသူများတဲ့ streamer တွေဆိုရင်လည်း ကြော်ငြာတွေလက်ခံရင်း ဝင်ငွေရရှိနိုင်ပါတယ်။

၃။ Youtuber
Streamer တွေနဲ့ Youtuber တွေနဲ့ဘာကွာသလဲဆိုရင်တော့ Streamer တွေက ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ Content တွေကို ဖန်တီးကြပြီး youtuber တွေကတော့ ပရိသတ် စိတ်ဝင်စားမယ့် Content strategy တွေကို ဖန်တီးပြီး Content တွေကို ဖန်တီးကြပါတယ်။ Youtuber တွေကတော့ ကြော်ငြာ လက်ခံလို့မရပဲ sponsorship ပုံစံမျိုး လက်ခံကြပြီး ကြော်ငြာတွေကိုတော့ Youtube က ထည့်သွင်းပေးသလောက် ရရှိနိုင်မှာဖြစ်ပါတယ်။


၄။ Google Adsense
နောက်ထပ်နည်းလမ်း တစ်ခုကတော့ ကိုယ့်မှာ website တစ်ခု ရှိပြီဆိုရင် အဲ့ဒီမှာ ကြော်ငြာတွေရအောင် google နဲ့ ချိတ်ဆက်ပြီး ဝင်ငွေရှာတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ website မှာလူစိတ်ဝင်စားစရာ content လေးတွေ အမြဲ မပြတ် ဖန်တီးနေဖို့ပဲ လိုအပ်ပါတယ်။


၅။ Digital Product များ ရောင်းချခြင်း
Design တွေ၊ Software တွေ၊ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေစတဲ့ Digital Product တွေကို ဖန်တီးရောင်းချပြီးတော့လည်း အိမ်ထဲက အိမ်ပြင်မထွက် ဝင်ငွေရှာလို့ရပါတယ်။ ကိုယ့်မှာတော့ကျွမ်းကျင်မှုပဲ လိုအပ်ပါတယ်။


၆။ Freelance အလုပ်များ
အလုပ်ဆင်းစရာ မလိုပဲ ကွန်ပြူတာ တစ်လုံးနဲ့ကျွမ်းကျင်မှုပဲ လိုအပ်တဲ့ Freelance ဆန်တဲ့ အလုပ်တွေလည်း အများကြီးရှိနေပါသေးတယ်။ ကြော်ငြာစာရေးပေးခြင်း၊ Application ဖန်တီးပေးခြင်း စတဲ့ နည်းပညာ အသုံးပြုအလုပ်အကိုင်တွေဟာလည်း ဒီနေ့ခေတ်မှာ ဝင်ငွေကောင်းတဲ့ အလုပ်တွေထဲပါဝင်နေပါတယ်။


၇။ Online Shopping
ကိုယ့်ရဲ့ ပစ္စည်းတွေကို Online ကနေ အရောင်းအဝယ်ပြုလုပ်ဖို့တွေးဖူးပါသလား? နောက်မကျခင်၊ပြိုင်ဘက်တွေကိုယ့်ထက် မဦးခင်၊ မြန်မြန်တင်ရောင်းဖို့သာပြင်ဆင်ထားလိုက်‌တော့နော်.. ဆိုင်ခန်းခလည်း သက်သာမယ်။ ဝန်ထမ်းစရိတ်လည်း သက်သာမယ်။ အွန်လိုင်းကနေရောင်း အွန်လိုင်းကနေဝယ်။ ဘယ်လောက်အဆင်ပြေလိုက်သလဲ။ ဒါကြောင့် အိမ်ထဲက အိမ်ပြင် ထွက်စရာမလိုပဲ ဝင်ငွေကောင်းတဲ့ အလုပ်ဆိုရင် Online Shopတွေကိုလည်း ချန်ထားခဲ့လို့တော့မရဘူးနော်..


Comments

Leave a Reply

Your email address will not be published. Required fields are marked *